Saturday, August 18, 2012

PARTS CATALOGUE FOR Komatsu Loader WA 470 serial number 53001 and up

စက်တစီးပြင်ဆင်မယ်ဆိုရင် လိုအပ်လာသော parts ကို မှာယူနိုင်ဖို့သက်ဆိုင်ရာ PARTS CALTALOGUE  တွေကို ကိုးကားထားရပါတယ်။ ဒီစာအုပ်ကတော့ Komatsu Loader WA 470 serial number 53001 and up  အတွက်ဖြစ်ပါတယ် ။လိုအပ်ရင် အောက်ကလင့် မှာ ဒေါင်းသွားနိုင်ပါတယ်ခင်ဗျား။

downlaod link: MEDIAFIRE

Komatsu Loader WA 470 serial number 53001 and up


စက်တစီးပြင်ဆင်တော့မယ်ဆိုရင် သက်ဆိုင်ရာ wrokshop mannual တွေကို မဖြစ်မနေ ကိုးကားရပါတယ်။ ဘာလို့လဲဆိုတော့ company က ထုတ်တဲ့ ပစ္စည်းကို သူ့company ကပေးတဲ့ repair limit တွေအတိုင်းပြင်ဆင်ဖို့လိုအပ်လို့ပါပဲ တချို့အရပ်ထဲမှာ ပြောလေ့ရှိပါတယ်။ မလိုပါဘူးကွာ တဲ့ ဒါမဟုတ်သေးပါဘူး ၊ ဥပမာ crankshaft နဲ့ main bearing ကြားထဲက clearance ဘယ်လောက်ထားလဲလို့ မေးကြည့်တော့ ဂျာနယ် စာရွက် တထုစာတဲ့၊ အဲဒါအိုကေပဲတဲ့ ။ စကားပုံ တခုရှိပါတယ် ။ A little knowledge is very dangerous  တဲ့ ။ ထားပါတော့ ဗျာ အဲဒီဂျာနယ် စာရွက်ထုတ်တဲ့ ဟာက အမြဲတမ်း ထပ်တူညီ တဲ့ အထူ တွေကို အမြဲတမ်းထုတ်နိုင်ပါ့မလား၊ ကျွန်တော်တို့စက်ပြင်ပညာရပ် ကြီးကြီးကျယ်ကျယ်ပြောရင် mechanical ပညာရပ်ပိုင်းမှာ instruments တွေနဲ့ အလွန်တိကျစွာ တိုင်းတာ ရတဲ့အပိုင်းတွေရှိပါတယ်။ ဆံချည် မျှင်ထက်သေးငယ်တဲ့အပိုင်းတွေ အထိပေါ့ ။ အဲတော့ ဒီ wear limit တွေကို ကြည့်ပြီး စက်ပစ္စည်းအစိတ်အပိုင်းတွေကို ပြန်သုံးမလား အသစ်လဲမလား ပြင်သုံးမလား စသဖြင့် ဆုံးဖြတ်ဖို့ Mannuals တွေကို ကိုးကားထားရပါတယ်။ ဒီစာအုပ်ကတော့ Komatsu Loader WA 470 serial number 53001 and up အတွက်ဖြစ်ပါတယ် ။လိုအပ်ရင် အောက်ကလင့် မှာ ဒေါင်းသွားနိုင်ပါတယ်ခင်ဗျား။


download link: Medaifire