Friday, August 17, 2012

Komatsu Loader WA 320-3 serial number 50003 and up


















စက်တစီးပြင်ဆင်တော့မယ်ဆိုရင် သက်ဆိုင်ရာ wrokshop mannual တွေကို မဖြစ်မနေ ကိုးကားရပါတယ်။ ဘာလို့လဲဆိုတော့ company က ထုတ်တဲ့ ပစ္စည်းကို သူ့company ကပေးတဲ့ repair limit တွေအတိုင်းပြင်ဆင်ဖို့လိုအပ်လို့ပါပဲ တချို့အရပ်ထဲမှာ ပြောလေ့ရှိပါတယ်။ မလိုပါဘူးကွာ တဲ့ ဒါမဟုတ်သေးပါဘူး ၊ ဥပမာ crankshaft နဲ့ main bearing ကြားထဲက clearance ဘယ်လောက်ထားလဲလို့ မေးကြည့်တော့ ဂျာနယ် စာရွက် တထုစာတဲ့၊ အဲဒါအိုကေပဲတဲ့ ။ စကားပုံ တခုရှိပါတယ် ။ A little knowledge is very dangerous  တဲ့ ။ ထားပါတော့ ဗျာ အဲဒီဂျာနယ် စာရွက်ထုတ်တဲ့ ဟာက အမြဲတမ်း ထပ်တူညီ တဲ့ အထူ တွေကို အမြဲတမ်းထုတ်နိုင်ပါ့မလား၊ ကျွန်တော်တို့စက်ပြင်ပညာရပ် ကြီးကြီးကျယ်ကျယ်ပြောရင် mechanical ပညာရပ်ပိုင်းမှာ instruments တွေနဲ့ အလွန်တိကျစွာ တိုင်းတာ ရတဲ့အပိုင်းတွေရှိပါတယ်။ ဆံချည် မျှင်ထက်သေးငယ်တဲ့အပိုင်းတွေ အထိပေါ့ ။ အဲတော့ ဒီ wear limit တွေကို ကြည့်ပြီး စက်ပစ္စည်းအစိတ်အပိုင်းတွေကို ပြန်သုံးမလား အသစ်လဲမလား ပြင်သုံးမလား စသဖြင့် ဆုံးဖြတ်ဖို့ Mannuals တွေကို ကိုးကားထားရပါတယ်။ ဒီစာအုပ်ကတော့ Komatsu Loader WA 320-3 serial number 50003 and up အတွက်ဖြစ်ပါတယ် ။လိုအပ်ရင် အောက်ကလင့် မှာ ဒေါင်းသွားနိုင်ပါတယ်ခင်ဗျား။

 downlaod link:   Media